Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 27 - An-Naml
Translation by Alin U Yin — Permalink
Verse 44 — Surah An-Naml 27:44
(ထို့နောက်) သူမအား “အသင်မသည် နန်းတော် (၏ဧည့်ခန်းမတွင်း) သို့ ဝင်ရောက်လော့။” ဟု ဖိတ်ခေါ် ကြိုဆိုခြင်းခံရ၍ သူမက ယင်းကို မြင်လေသော်၊ ယင်းကို ရေကန်ဟု ထင်မှတ်၍ သူမ၏ (ဝတ်ရုံကို မလျက်) ခြေသလုံးနှစ်ဘက်ကို ဖော်ခဲ့လေ၏။ (ထိုအခါ တမန်တော်) စုလိုင်မာန်က ဧကန်စင်စစ်၊ ဤသည် ဖန်များဖြင့် ချောမွတ်အောင် ပြုလုပ်ထားသော နန်းတော် (၏ဧည့်ခန်းမ) ပင် ဖြစ်သည်ဟု ပြောကြားခဲ့လေ၏။ သူမက “အို၊ ကျွန်မအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော် မျိုးမသည် ကျွန်မ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုဆန္ဒအတိုင်းအသုံး ချခြင်းဖြင့် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်လျက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခဲ့၏။ သို့ရာတွင် (ယခုသော်ကား) ကျွန်ုပ်မသည် (တမန်တော်) စုလိုင်မာန်နှင့်အတူ စကြဝဠာလောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေ တော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အလ္လဟ်အရှင်မြတ် (၏ကျေနပ်နှစ်မြို့မှုအတွက် အရှင့်) ထံ ကိုယ်စိတ် နှလုံးကို နာခံအပ်နှံလျက် ငြိမ်းချမ်းလိုလားသူအဖြစ် အညံ့ခံပါပြီ။”ဟု လျှောက်ထားလေ၏။