Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 45 — Surah An-Naml 27:45

ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ဆမူးဒ် လူမျိုးတို့ထံ သူတို့၏နောင်တော် (တမန်တော်) ဆွာလိဟ် အား “အလ္လာဟ်အရှင်မြတ်အား နာခံဆည်းကပ်ကိုးကွယ်ကြရန် (ဟူသော အမိန့်တော်နှင့်တကွ) စေ လွှတ်တော်မူခဲ့၏။ (တမန်တော် ဆွာလိဟ်က အရှင့်သတင်းကောင်းကို လူတို့ထံ ပါးခဲ့ပြီးနောက်) သူတို့သည် အချင်းချင်း ငြင်းခုံလျက် (အရှင်မြတ်၏အမိန့်တော်ကို နာခံလိုက်သူနှင့်ဖီဆန်ငြင်းပယ်သူဟူ၍) ဂိုဏ်းဂဏနှစ်ခုအဖြစ် ကွဲသွားကြ၏။