Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 47 — Surah An-Naml 27:47

(တမန်တော်ဆွာလိဟ်၏လူမျိုးများဖြစ်ကြသော) သူတို့က “ကျွန်ုပ်တို့သည် အသင် (တမန်တော်) ကြောင့် လည်းကောင်း၊ အသင်နှင့်အတူရှိသော အသင့်အပေါင်းပါတို့ကြောင့်လည်းကောင်း၊ နိမိတ်ဆိုးနှင့်ကြုံ တွေ့နေကြရ၏။” ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။ (ထိုအခါ တမန်တော်) ဆွာလိဟ်က သင်တို့ နိမိတ်ဆိုး (၏အကြောင်း ရင်း) မှာ အလ္လာဟ်အရှင်မြတ်ထံတော်၌ပင် ရှိပေသည်။ သို့ရာတွင် အမှန်တရားမှာကား သင်တို့သည် စမ်းသပ်ခြင်းခံကြ ရမည်ဖြစ်သောလူမျိုးပင် ဖြစ်ကြ၏။” ဟု ဟောပြောခဲ့၏။