Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 49 — Surah An-Naml 27:49

(တမန်တော်ဆွာလိဟ်၏လူမျိုးများဖြစ်ကြသော) သူတို့က“အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ (တမန်တော်) ဆွာလိဟ်အားလည်းကောင်း၊ သူ့မိသားစုအပေါင်းအဖော်တို့အားလည်းကောင်း၊ ညအချိန်တွင် ရုတ်တရက် ဝင်စီး၍ ဧကန်မုချပင်၊ သုတ်သင် သတ်ဖြတ်လိမ့်မည် ဖြစ်ကြောင်း အချင်းချင်း အပြန်အလှန် ကျိန်ဆိုလျက် ပြောဆိုခဲ့ကြလေ၏။ ထို့နောက် သူ့အမွေစားအမွေခံတို့အား “ကျွန်ုပ်တို့သည် သူ့ကို သတ်ဖြတ်ပျက်သုန်းခြင်း နှင့်ပက်သက်၍ မျက်မြင်သက်သေအဖြစ် သက်သေခံကြသည် မဟုတ်ကြောင်း၊ ထို့ပြင် ဧကန်ပင်၊ ကျွန်ုပ်တို့သည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီများပင် ဖြစ်ကြကြောင်း မုချပင် ပြောဆိုကြလိမ့်မည်။