Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 27 - An-Naml
Translation by Alin U Yin — Permalink
Verse 60 — Surah An-Naml 27:60
သို့တည်းမဟုတ် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ကောင်းကင်ယံမှ (မိုး) ရေကို သင်တို့အတွက် သွန်းချစေတော်မူသည့်အပြင် ထိုရေကြောင့် (သစ်ပင်ပေါက်ပင်မျိုးစုံကိုလည်း) ပေါက်ပွားဖြစ်ထွန်းစေတော်မူလျက် စိမ်းလန်းစိုပြေသော သာယာလှပမှုပိုင်ဆိုင်ထားသည့် ဥယျာဉ်ခြံများ ဖြစ် ထွန်းစေတော်မူသူမှာ မည်သူနည်း။ (သက်ရှိသက်မဲ့အပါအဝင်) သင်တို့၌မူကား ယင်း (ဥယျာဉ်ခြံများ) ၌ သစ်ပင် များကို ပေါက်ရောက်စေနိုင်သော စွမ်းရည် မရှိပေ။ အလ္လာဟ်အရှင်မြတ်နှင့် အတူ (အခြား) ဆည်းကပ်ကိုး ကွယ်ရာ ဟူ၍ ရှိသေးသလော။ စင်စစ်မှာကား (သူတို့သည် ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်နှင့်ဖွဲ့ စည်းဖြစ်တည်စေခြင်းခံရသူတို့ကို ဂုဏ်ရည်တူဟု မှတ်ယူ၍) အမှန်တရားမှ သွေဖည်သွားသော လူမျိုးပင် ဖြစ်ကြ၏။