Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 61 — Surah An-Naml 27:61

သို့တည်းမဟုတ် မြေကမ္ဘာကို အခြေချ မှီတင်းနေထိုင်စရာ ဖြစ်စေ၍ ယင်း၌ ဖြတ်သန်းစီးဆင်းသည့် မြစ်ချောင်းများကို ဖြစ်ပေါ်စေရုံသာမက ယင်းကို (ထိန်းချုပ်စေရန်) အတွက် ခိုင်မာသောတောင်းများကိုလည်း ဖြစ်ထွန်းစေတော်မူသည့်အပြင် ပင်လယ်နှစ်ခုကြားတွင်လည် (ရေချိုနှင့်ရေငန်ကို မမြင်ရသော အကာအရံဖြင့် ပိုင်းခြားကန့်သတ်၍) စည်းခြားစေသော အတားအဆီးတစ်ခု ဖြစ်ပေါ်စေတော်မူသော အရှင်မှာ မည်သူနည်း။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ်ကိုးကွယ်ရာ ဟူ၍ ရှိသေးသလော။ စင်စစ်မှာကား သူတို့အနက် အများစုမှာ မသိနားမလည်ကြပေ။