Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 63 — Surah An-Naml 27:63

သင်တို့အား ကုန်းမြေနှင့်ပင်လယ်သမုဒ္ဒရာများ၏အမှောင်ထုများ၌ လမ်းမှန် ညွှန်ပြတော်မူသောအရှင် နှင့်အရှင်မြတ်ထံတော်မှဖြစ်သော ကရုဏာတော် (မိုးရေ) မတိုင်မီ ထိုကရုဏာ၏ရှေ့ပြေး ဝမ်းမြောက်ဖွယ် ရာ သတင်းကောင်းကို သယ်ဆောင်လာသော လေအား စေလွှတ်တော်မူသောအရှင်မှာ မည်သူနည်း။ အလ္လာဟ်အ ရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ်ကိုးကွယ်ရာ ဟူ၍ ရှိသေးသလော။ အလ္လာဟ်အ ရှင်မြတ်သည်ကား သူတို့ (ကိုယ်တိုင်ကြံစည်ဖန်တီး၍ အရှင်မြတ်နှင့်) တွဲ့ဖက်နှိုင်းယှဉ်ကိုးကွယ်ကြ သည်များထက် (အတိုင်းမရှိ) မြင့်မြတ် တော်မူဘိသတည်း။