Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 27 - An-Naml
Translation by Alin U Yin — Permalink
Verse 64 — Surah An-Naml 27:64
ဖြစ်တည်စေခြင်းခံရသော သက်ရှိသက်မဲ့အရာခပ်သိမ်းတို့ကို (ပထမဆုံးအကြိမ် ယင်းတို့၏မူလဘူတကို) စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် ယင်းတို့ကို ထပ်မံ၍ အထပ်ထပ်အဖန်ဖန် ဖြစ်တည်စေတော်မူသော အရှင် မိုးကောင်းကင်နှင့်မြေကမ္ဘာမှ သင်တို့အတွက် စားနပ်ရိက္ခာနှင့်လိုအပ်ချက်များ ဖြည့်ဆည်းပေးတော်မူ သောအရှင်မှာ မည်သူနည်း။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ် ကိုးကွယ်ရာဟူ၍ ရှိသေးသလော။ အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုသော သစ္စာဝါဒီ များဖြစ်ကြလျှင် (သင်တို့အယူ ထား ကိုးကွယ်ဆည်းကပ်နေကြသော ရုပ်ပွားဆင်းတု အပါအဝင် ကိုးကွယ်ရာများနှင့်စပ်လျဉ်း၍) သင်တို့၏သက် သေအထောက်အထားများကို ယူဆောင်တင်ပြကြလော့။