Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 7 — Surah An-Naml 27:7

(ပြန်လည်သတိရလော့။ သဲကန္တာရ၌ သူ့မိသားစုနှင့်အတူ ခရီးသွားခဲ့စဉ် မီးမြင်၍) တမန်တော်မူဆာ သည် သူ့မိသားစုအား “ဧကန်ပင်၊ ကျွန်ုပ်သည် မီးတစ်မျိုးကို မြင်တွေ့ရာ ယခုပင် ကျွန်ုပ်သည် သင်တို့ထံ ထိုမီးရှိရာမှ သတင်းတစ်စုံတစ်ရာကို ယူခဲ့မည် သို့တည်းမဟုတ် ကျွန်ုပ်သည် သင်တို့ထံ နွေးထွေးမှုအတွက် မီးလှုံနိုင်ကြအံ့သောငှာ မီကျီးမီးတောက်တစ်ခုကို (ထင်း သို့မဟုတ် အခြားတစ်စုံတစ်ရာဖြင့် ညှိ၍) သင်တို့ထံ ဆောင်ကြဉ်းလိမ့်မည်။” ဟု ပြောခဲ့စဉ်။