Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 8 — Surah An-Naml 27:8

ထို့နောက် (တမန်တော်) မူဆာသည် ယင်းမီးရှိရာသို့ ရောက်ရှိခဲ့လေသော်၊ “(အို၊ မူဆာ)၊ မီးအနား၌ ရှိသူတို့သည်လည်းကောင်း၊ ယင်းမီး၏ပတ်ဝန်းကျင်၌ ရှိသူတို့သည် လည်းကောင်း၊ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံစေတော်မူပြီး စကြဝဠာလောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော် မူသော အလ္လဟ်အရှင်မြတ်သည် (ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင် တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူ၏။” ဟု အသံပေး ဖိတ်မန္တက ပြုခြင်းခံရ လေ၏။