Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 87 — Surah An-Naml 27:87

ထို့ပြင် တံပိုးခရာ၌ မှုတ်ပေးခြင်းခံရသောနေ့တွင် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်း နှင့်အညီ အလိုရှိတော်မူသောသူမှအပ မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသူတို့ကို တုန်လှုပ်ချောက် ချားစေတော်မူလိမ့်မည်။ ထို့ပြင် အားလုံးကိုယ်စီကိုယ်ငသည် (အရှင်မြတ်၏ရှေ့တော်မှောက်သို့) ကျွိုးနွံစွာ ရောက်ရှိလာကြလိမ့်မည်။