Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 92 — Surah An-Naml 27:92

ထို့ပြင် ကျွန်ုပ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို (အသင်တို့အား အမှန်တရားလမ်းစဉ်သို့ ဖိတ်ခေါ် ရာတွင်) ဖတ်ကြားရန် (လည်း အမိန့်ပေး ညွှန်ကြားတော်မူခြင်းခံရ၏)။ သို့ဖြစ်ပေရာ မည်သူမဆို တရား လမ်းမှန် ကို နာခံလိုက်နာရန် ရွေးချယ်လျှင် ထိုသူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အတွက်သာ လျှင် တရားလမ်းမှန်ကို ရွေးချယ်လိုက်နာခြင်း ဖြစ်၏။ သို့ရာတွင် မည်သူမဆို လမ်း မှန်မှ သွေဖည်လျက် လမ်းမှားရောက်နေလျှင် ကျွန်ုပ်သည် သတိပေးနှိုးဆော်သူတို့အနက်မှ တစ်ဦးသာလျှင် ဖြစ်၏။” ဟုလည်း ဟောပြောလော့။