Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 93 — Surah An-Naml 27:93

ထို့ပြင် (အို၊ ရစူလ်တမန်တော် သူတို့အား) “ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုဟူသမျှသည် (အရာခပ် သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောကြောင့်) အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်ပြီး ထိုအရှင်မြတ်သည် သင်တို့အား မကြာမီပင် အရှင့် အာယသ်သက်သေလက္ခဏာတော်များကို ပြသတော်မူပေမည်ဖြစ်ရာ (အရှင်မြတ်စီရင်ဆုံးဖြတ်တော်မူသမျှသည် အမှန်တရားဖြစ်ကြောင်းကို) သင်တို့သည် (အသိအမှတ်ပြုလက်ခံရသည်အထိ) သိကြပေလိမ့်မည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှ ကို သတိမမူ၊ မေ့လျော့ထားသည် မဟုတ်ပေ။