Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 28 - Al-Qasas
Translation by Alin U Yin — Permalink
Verse 15 — Surah Al-Qasas 28:15
ထို့ပြင် (တမန်တော်) မူဆာသည် (တစ်နေ့တွင် သူနေထိုင်ရာ နန်းတော်မှ ထွက်၍) မြို့တွင်းသို့ ထိုမြို့သူ မြို့သားတို့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေချိန်တွင် ဝင်ရောက်ခဲ့ရာ မြို့တွင်း၌ ဤသည် သူ့ (မျိုးနွယ်ဖြစ်သော အစ္စ ရေး) အုပ်စုမှဖြစ်ပြီး ဤသည် သူ့ရန်သူအုပ်စုမှ ဖြစ်ကြောင်းကို သိသာနေသော ပုဂ္ဂိုလ်နှစ်ဦး စကားများရန်ဖြစ် နေကြသည်ကို တွေ့ရှိလေ၏။ ထိုစဉ် (သူတို့နှစ်ဦးအနက်) သူ့အုပ်စုမှ ဖြစ်သူက သူ့ရန်သူအုပ်စုဖြစ်သော သူနှင့် ဆန့်ကျင်၍ သူ့ထံ အပူတပြင်းအော်ဟစ်လျက် အကူအညီ တောင်းခံခဲ့၏။ သို့ဖြစ်ပေရာ (တမန်တော်) မူဆာသည် သူ့ရန်သူအုပ်စုမှ ဖြစ်သောသူအား (သေစေလိုသော ရည်ရွယ်ချက် မပါဘဲ) လက်သီးဖြင့် ထိုးခဲ့ရာ (သူသေဆုံးရန် ပြဌာန်းထားသော အချိန်ရောက်သောကြောင့်) သူ့အား အဆုံးစီရင်ရာရောက်သွားလေ၏။ ထိုအခါ တမန်တော် မူဆာက “ဤသည် စေတန်မကောင်းဆိုးဝါး၏အပြုအမူများအနက်မှပင် ဖြစ်၏။ ဧကန်ပင်၊ ထိုစေတန်မကောင်း ဆိုးဝါးသည် ထင်ရှားစွာ လမ်းလွဲစေသော ရန်သူပင် ဖြစ်၏။” ဟု ပြောဆိုခဲ့၏။