Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 28 - Al-Qasas
Translation by Alin U Yin — Permalink
Verse 16 — Surah Al-Qasas 28:16
(တမန်တော်) မူဆာက (အလ္လာဟ်အရှင်မြတ်ထံတော်) “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ် ဝိဉာဉ်) ကို စိတ်အလိုဆန္ဒအတိုင်းအသုံးချ၍ မိမိကိုယ်ကို မဟုတ်မတရား မမှန်မကန် ပြုလုပ်မိပါ၏။ သို့ဖြစ်၍ ကျွန်ုပ်အား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။” ဟု လျှောက်ထားပန် ကြားခဲ့ရာ ထိုအရှင် မြတ်သည် သူ့အား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူခဲ့၏။ မုချဧကန် ထိုအရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မ တော်တဆ ကျူးလွန်ချိုး ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။