Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 19 — Surah Al-Qasas 28:19

တစ်ဖန် (တမန်တော်) မူဆာသည် (မနေ့က သူ့လက်ချက်ကြောင့် သေဆုံးသွားသူနှင့်သူ) တို့နှစ်ဦးလုံး၏ရန်သူအား လက်ရောက်မှုပြုရန် ကြံရွယ်ခဲ့လေရာ ထိုသူက “အို၊ မူဆာ၊ အသင်သည် ယမန်နေ့က နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်တစ်ဦးအား သတ်မိသကဲ့သို့ (ယခုမူ) ကျွန်ုပ်ကိုလည်း သတ်မိ လိုသလော။ အသင်သည် မြေကမ္ဘာ (၏ဤတိုင်းပြည်ဒေသ) ၌ နိုင်လိုမင်းထက်ပြုမူသူဖြစ်ရန်သာလျှင် အလိုရှိပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများ ပြုပြင်ပြောင်းလဲသူများအနက်မှ ဖြစ်လိုပုံ မရချေ။” ဟု ပြောခဲ့၏။