Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 20 — Surah Al-Qasas 28:20

ထိုစဉ် (နန်းတော်တည်ရှိရာ) မြို့၏အစွန်အဖျားမှ လူတစ်ယောက်သည် ပြေးလျက်ရောက်လာပြီးလျှင်၊ “အို၊ မူဆာ၊ ဧကန်ပင် (ဖာရိုမင်း၏) မှူးကြီးမတ်ရာအကြံပေးအကြီးအကဲတို့သည် အသင်နှင့်ပတ်သက်၍ ဆွေးနွေး တိုင်ပင်လျက် အသင့်အား ရည်ရွယ်ချက်ရှိရှိ သတ်ပစ်ရန် စီမံချက်ချနေကြ၏။ သို့ဖြစ်ပါ၍ အသင်သည် (ဤမြို့မှ) ထွက်ခွာသွားလော့။ ကျွန်ုပ်သည် အသင်၏ကောင်းကျိုးအတွက် စိတ်ရင်းစေတနာဖြူစင်စွာစေတနာထားသူ တစ်ဦးဖြစ်သည်။” ဟု ပြောကြားခဲ့လေ၏။