Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 23 — Surah Al-Qasas 28:23

ထို့နောက် (တမန်တော်) မူဆာသည် မဒ်ယန်မြို့၏ရေတွင်းသို့ရောက်လတ်သော် ထိုရေတွင်း၏အနီးတွင် လူတစ်စုသည် (သူတို့၏တိရစ္ဆာန်များကို) ရေချရေတိုက်နေကြသည်ကို တွေ့ရပြီး သူတို့မှ လွဲ၍ ရှေ့မတိုးဘဲ သူတို့မှ သီးခြားခွာနေသော အမျိုးသမီးနှစ်ဦးကိုလည်း တွေခဲ့၏။ (တမန်တော်) မူဆာက “အသင်မတို့နှစ်ဦးမှာ အဘယ်အရေးကိစ္စ ရှိသနည်း။” ဟု မေးမြန်းခဲ့ရာ သူမတို့က “(ဤ) သိုးထိန်းတို့သည် (သူတို့၏တိရစ္ဆာန်များ အတွက်) ရေချခြင်းမှ မထွက်ခွာသွားသရွေ့ (ကျွန်မတို့၏တိရစ္ဆာန်များအား) ရေချ၍) ရေတိုက်ကျွေးခြင်း မပြုနိုင်ပေ။ ထို့ပြင် ကျွန်မတို့၏ဖခင်မှာ အသက်အရွယ် အိုးမင်းကြီးရင့်သူ ဖြစ်ပေသည်။”ဟု ဖြေကြားခဲ့ကြလေ၏။