Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 25 — Surah Al-Qasas 28:25

ထို့နောက် သူမတို့နှစ်ဦးအနက် တစ်ဦးသည် တမန်တော်မူဆာထံသို့ မရဲတရဲ ရှက်ကြောက်စွာ လျှောက် လာပြီး “ကျွန်မတို့အတွက် ရေချပေးခဲ့သောအကျိုးဆုလဒ်ကို အသင့်အား အမှန်ပင် ပေးလို၍ ကျွန်မ၏ ဖခင်သည် အသင့်အား ဖိတ်ခေါ်ပါ၏။” ဟု ပြောဆိုလေ၏။ ထို့နောက် (တမန်တော်) မူဆာသည် သူ့ထံသို့ ရောက်လာခဲ့၍ ဖြစ်ကြောင်းကုန်စင်ကို သူ့ရှေ့ဝယ် ပြန်လည်ပြောပြခဲ့သောအခါ သူက (တမန်တော်မူဆာအား) “သင်သည် စိုးရိမ်ကြောင့်ကြခြင်း မရှိလေနှင့်။ သင်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုး ဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသောလူမျိုးတို့ (၏ဘေးရန်ခပ်သိမ်း) မှ လွတ် မြောက်ခဲ့လေပြီ” ဟုပြောဆိုလေ၏။