Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 28 - Al-Qasas
Translation by Alin U Yin — Permalink
Verse 29 — Surah Al-Qasas 28:29
ထို့နောက် (တမန်တော်) မူဆာသည် သတ်မှတ်ထားခဲ့သောကာကို (တာဝန်ကျေပွန်စွာဖြင့်) ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး၊ သူ့မိသားစုနှင့်အတူ (သဲကန္တာရထဲ) ခရီးသွားခဲ့လေရာ သူသည် (တွူရ်) တောင်ရှိရာဘက်တွင် မီးတစ်မျိုးကို တွေ့မြင်ခဲ့လေ၏။ (ထိုအခါ) သူက သူ့မိသာစုအား “သင်တို့သည် (ဤနေရာ၌ပင်) စောင့်ဆိုင်းနေကြလော့။ ဧကန်ပင်၊ ကျွန်ုပ်သည် မီးတစ်မျိုးကို တွေ့မြင်ပြီဖြစ်၍ ယင်းမှ (ခရီးစဉ်နှင့်ဆိုင်သော) သတင်းတစ်စုံတစ်ရာကိုသော်လည်းကောင်း၊ အသင်တို့ မီးလှုံနိုင်ကြရန် မီးကျီးခဲ တစ်ခုခုကို သော်လည်းကောင်း၊ ယူဆောင်လာနိုင်မည်။” ဟု ပြေကြားလေ၏။