Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 32 — Surah Al-Qasas 28:32

အသင်သည် သင့်လက်ကို သင့်ရင်ကြားသို့ ထည့်သွင်း၍ ပြန်ထုတ်ယူသောအခါ ထိုလက်မှာ အပြစ်အနာ အဆာကင်းရှင်းလျက် (ထူးခြားအံ့ဩဖွယ်ရာ) လင်းဝင်းတောက်ပ လာပေမည်။ ထို့ပြင် ထိတ်လန့် စိုးရိမ်မှု ကင်းအံ့သောငှာ သင့်လက်မောင်းများအား သင့်ကိုယ်ကို ချုပ်တည်းစေလျက် ပူးကပ်ထားလော့။ သို့ဖြစ်ပေရာ ထိုနှစ်ခုသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ဖာရိုမင်းနှင့်သူ့မှူးကြီးမတ်ရာအကြံပေးအကြီးအကဲထံသို့ (သွားရောက်စဉ် အသင်က တမန်တော်ဖြစ်ကြောင်းကို ထောက်ပြမည့်) ထင်ရှားသော သက်သေအထောက်အထားတော်နှစ်ရပ်ပင် ဖြစ်၏။ ဧကန်မလွဲ၊ သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ အာခံယုတ်မာလျက် ကောက်ကျစ်သော လူမျိုးများပင် ဖြစ်ကြ၏။