Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 39 — Surah Al-Qasas 28:39

စင်စစ်သော်ကား ဖာရိုမင်းနှင့်သူ့စစ်တပ်သည် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ အမှန်တရား သစ္စာနှင့် လူ့အခွင့်အရေးအားလုံးနှင့်ဆန့်ကျင်၍ မတရားသဖြင့် မာန်မာနထောင်လွှားခဲ့ ကြသည်သာမက၊ သူတို့ သည် ငါအရှင်မြတ်ထံတော်သို့ ပြန်လည်ရောက်ရှိစေခြင်းခံကြရမည်မဟုတ်ဟုလည်း ထင်မြင်ယူဆနေခဲ့ကြ၏။