Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 4 — Surah Al-Qasas 28:4

ဧကန်မလွဲ၊ ဖာရိုမင်းသည် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ (အထွတ်အထိပ်ဘွဲ့ခံယူလျက်) လွန်စွာ မောက်မာသော နိုင်လိုမင်းထက်ပြုမူသူဖြစ်ပြီး ယင်း (တိုင်းပြည်) ၏ပြည်သူများကို လူတန်းစား အမျိုးမျိုးအဖြစ် ခွဲခြား၍ သူတို့အနက်မှ အုပ်စုတစ်ခုကို ညှင်းပန်းနှိပ်စက်လျက် သူတို့၏သားယောကျ်ားများကို သတ်ဖြတ် သုတ်သင်ကာ သမီးမိန်းကလေးများကို (နှိမ့်ချဖိနှိပ်ရန်) ဆက်လက် အသက်ရှင်ခွင့်ပေးခဲ့၏။ ဧကန်ပင်၊ ဖာရိုမင်းသည် အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများ ပျံ့နှံ့စေသူများအနက်မှပင် ဖြစ်၏။