Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 46 — Surah Al-Qasas 28:46

ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်မူဆာအား) အသံပေး၍ ဖိတ်ခေါ်တော်မူခဲ့စဉ် အသင် (တမန် တော်) သည် တွူရ်တောင်၏နံဘေး၌ ရှိခဲ့သည်လည်း မဟုတ်ပေ။ သို့ရာတွင် အသင်သည် သင့်အလျင် မည်သည့် သတိပေးနှိုးဆော်သူမျှ ရောက်မလာသေးသောလူမျိုးအား သူတို့က သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန်အ လို့ငှာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ကရုဏာတော် (ကျမ်းတော်မြတ်ကုရ်အာန်) ဖြင့် သူတို့အား သတိပေးနှိုးဆော်ရန်အတွက်သာ (စေလွှတ်တော်မူခြင်း) ဖြစ်၏။