Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 28 - Al-Qasas
Translation by Alin U Yin — Permalink
Verse 47 — Surah Al-Qasas 28:47
စင်စစ်သော်ကား အကယ်၍ သူတို့အပေါ်၌ သူတို့၏လက်များဖြင့် ပြုမူကျင့်ကြံ၍ (နောင်တမ လွန်ဘဝ၌ ပြစ်ဒဏ်များကို မြည်းကြရန် ဆိုးကျိုးဆက်အဖြစ်) တင်ကြို၍ ပို့ထားခဲ့သောကြောင့် ဘေးဒုက္ခ အခက် အခဲ တစ်စုံတစ်ရာ သက်ရောက်လာသောအခါ သူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် အဘယ့်ကြောင့် ကျွန်ုပ်တို့ထံ ရစူလ်တ မန်တော်တစ်ပါးပါး ကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့စေလွှတ်တော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် အသင်အရှင်မြတ်၏အာယသ် သက်သေလက္ခဏာတော်များကို (တသွေမတိမ်းနာခံ) လိုက်နာကြပြီး သက်ဝင်ယုံကြည်သူများအနက် ဖြစ်နိုင်ခဲ့ကြမည်။” ဟု ပြောဆိုကြလေ၏။