Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 48 — Surah Al-Qasas 28:48

သို့ရာတွင် သူတို့ထံသို့ (တမန်တော်မြတ်မုဟမ္မဒ်မှတစ်ဆင့်) ငါအရှင်မြတ်ထံတော်မှဖြစ်သော အမှန် တရားသစ္စာ (ကျမ်းတော်) အား ရောက်ရှိစေသောအခါ သူတို့က (ထိုအမှန်တရားကို ငြင်းပယ်ရန် ဆင်ခြေအဖြစ်) “အဘယ်ကြောင့် (ဤရစူလ်တမန်တော်သည် တမန်တော်) မူဆာထံ ချမှတ်ပေးအပ်တော်မူခြင်းခံရသော အရာများကဲ့သို့ပင် (တစ်ချိန်တည်း တစ်ပြိုင်နက်တည်း) ချမှတ်ပေးအပ်တော်မူခြင်း မခံရပါသနည်း။” ဟု စောဒကတက်မေးမြန်းကြ၏။ သူတို့သည် ယခင်က (တမန်တော်) မူဆာထံ ချမှတ်ပေးအပ်တော်မူခြင်းခံရသော အရာများကို (မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍) ငြင်းပယ်ခဲ့ကြသည် မဟုတ်လော၊ သူတို့က “(တောင်ရာတ် ကျမ်းနှင့်ကုရ်အာန်ကျမ်းမြတ်) နှစ်ခုလုံးပင် အချင်းချင်း တစ်ခုကိုတစ်ခု ထောက်ခံအားပေးသော မှော်ပယောဂအတတ်ပညာနှစ်မျိုးပင် ဖြစ်သည်။ဟု ပြောဆိုခဲ့ကြ၏။ ထို့ပြင် သူတို့က “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် (အရှင်မြတ် ချမှတ်ပေးအပ်တော်မူသော ကျမ်းတော်) အားလုံးနှင့်ပတ်သက်၍ မယုံကြည်ဖီဆန် ငြင်းပယ် သူများပင် ဖြစ်ကြသည်။” ဟု ပြောဆိုခဲ့ကြ၏။