Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 54 — Surah Al-Qasas 28:54

ထိုသူတို့သည် (ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်၏လမ်းစဉ်အတိုင်း ဘဝဆောက်တည်ရာ တွင် ရင်ဆိုင်ကြုံတွေ့သမျှ ဒုက္ခအခက်အခဲအားလုံးအပေါ် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုရှိကြခြင်းကြောင့်လည်းကောင်း၊ မကောင်းမှုအကုသိုလ်များကို ကောင်းမှုကုသိုလ်များဖြင့် (တုံ့ပြန်) တွန်းလှန်ကြသော ကြောင့်လည်းကောင်း၊ သူတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူခဲ့သော ဥစ္စာဓန၊ နည်းပညာ၊ အသိပညာ ဩဇာအာဏာ၊ အစရှိသော) ရိက္ခာအထောက်အပံ့များအနက်မှ (အရှင် မြတ်၏ကျေနပ်နှစ်မြို့မှုရရှိရန် အလို့ငှာ ဆင်းရဲချို့တဲ့သူတို့အား) စွန့်လှူပေးကမ်းကြသောကြောင့်လည်းကောင်း၊ သူတို့၏အကျိုးဆုလဒ်ကိုလည်း နှစ်ဆ ချီးမြှင့်ပေးအပ်တော်မူခြင်းခံကြရပေမည်။