Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 57 — Surah Al-Qasas 28:57

ထို့ပြင် သူတို့က (တမန်တော်မြတ်အား) “အကယ်၍ ကျွန်ုပ်တို့သည် အသင်နှင့်အတူ တရားလမ်းမှန်ကို လိုက်နာကြလျှင် ကျွန်ုပ်တို့မှာ ကျွန်ုပ်တို့၏တိုင်းပြည်ဒေသမှ ဝိုင်းပယ်နှင်ထုတ်ခြင်းကို ခံကြရပေမည်။” ဟု ပြောဆိုခဲ့ကြ၏။ ငါအရှင်မြတ်သည် သူတို့အတွက် ငါအရှင်မြတ်၏အထံတော်မှ သစ်သီးဝလံ မျိုးစုံနှင့် (အခြားလို အပ်ချက်အားလုံးကို) စားနပ်ရိက္ခာအဖြစ် သူတို့ထံ (တင်သွင်းစေခြင်းဖြင့်) ရောက်စေတော်မူလျက် ဘေးကင်းလုံခြုံရာ အထွတ်အမြတ်နေရာဌာနအဖြစ် ထူထောင်ပေးတော်မူပြီ မဟုတ်လော။ သို့ရာတွင် သူတို့အနက် အများ စုသည် (သူတို့ထံသို့ ထိုသို့ရိက္ခာအထောက်အပံ့များ ရောက်လာခြင်းကို သူတို့ယုံကြည်ကိုးကွယ်သော ရုပ်ပွား ဆင်းတုများ၏ဆွဲဆောင်မှုကြောင့် ကုန်သည်များရောက်လာသည့်အတွက်ဖြစ်သည်ဟု ထင်မြင်ယူဆကြပြီး အရှင်မြတ်က ရိက္ခာအထောက်အပံ့နှင့်လုံခြုံမှုအကာအ ကွယ် ပေးတော်မူကြောင်းကို) မသိနားမလည်ကြပေ။