Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 58 — Surah Al-Qasas 28:58

စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတို့နေထိုင်ရာ ထိုမြို့ရွာနေရာဒေသများတွင် အခြေချနေထိုင်၍ ယင်းဒေသရှိ (အရှင်မြတ်ပေးအပ်တော်မူသည့် လောကီအကျိုးခံစားခွင့်ဆိုင်ရာ) အသက်မွေးဝမ်း ကျောင်းများဖြင့် ပျော်ရွှင်မြူးထူးဖြစ်ခဲ့ကြသည့် မြို့ရွာပေါင်းမည်ရွေ့မည်မျှကို တိမ်ကောပျက်စီးစေတော်မူခဲ့ကြောင်းကိုလည်းကောင်း၊ ထိုသို့တိမ်ကောပျက်စီးစေတော်မူပြီးနောက်တွင် ထိုဒေသများ၌ အနည်း ငယ်မှအပ မှီတင်းနေထိုင်သူ ကင်းမဲ့ကာ ငါအရှင်မြတ်သည်သာ (ထာဝရတည်တံ့တော်မူသည့်အရှင်မြတ် ဖြစ်သည့်အလျှောက် အမွေထိန်း တော်အဖြစ်) အစဉ်အမြဲ အမွေဆက်ခံသူအားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ဖြစ်ကြောင်းကိုလည်းကောင်း၊ (ကျမ်းတော်မြတ်ကုရ်အာန်က သူတို့အား မညွှန်ပြလေသလော။)