Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 59 — Surah Al-Qasas 28:59

စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် သည် မြို့ရွာများကို ထိုမြို့ရွာများ၏ရာဇဌာနေမိခင်မြို့ပြတွင် ငါအရှင်မြတ်၏အာယသ်သက်သေလက္ ခဏာတော်များကို သူတို့ရှေ့၌ ဖတ်ကြားအံ့သော ရစူလ်တမန် တော်တစ်ပါးပါးကို ပွင့်ပေါ်စေလွှတ်တော်မူခြင်း မရှိသမျှ ကာလပတ်လုံး တိမ်ကောဖျက်ဆီးစေတော်မူသည့်အရှင် မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ် သည် မြို့ရွာများကို ယင်း၏ပြည်သူများက အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက် ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူ ကျင့်ကြံသူများဖြစ်ကြမှသာလျှင် တိမ်ကောဖျက်ဆီးစေတော်မူသည့်အရှင် ဖြစ်တော်မူ၏။