Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 63 — Surah Al-Qasas 28:63

(ထိုစဉ် လောကီဘဝ၌ အရှင်မြတ်ကိုစွန့်၍ အခြားသက်ရှိသက်မဲ့များအား ကိုးကွယ်ရာအဖြစ် ယုံကြည် ကိုးကွယ်ရာတွင် ဦးဆောင်လမ်ပြလုပ်ခဲ့ကြသော) သူတို့သည် အရှင့်မုက္ခပါတ်တော် (ဖြစ်သော တရား ဝင်စွဲချက်ဖြင့် ရုံးတင်စစ်ဆေး၍ ပြစ်ဒဏ်ပေးတော်မူမည်ဟူသော အချက်) ကို သူတို့အပေါ်၌ (အတည်ပြုသက်ရောက်၍) အမှန်တရားဖြစ်ကြောင်း အသိတရားရလာလျက် “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့က (အတင်းအဓမ္မမဟုတ်ဘဲ သူတို့၏လွတ်လပ်သောဆန္ဒကို အသုံး ချစေလျက် ကျွန်ုပ်၏နောက်လိုက်များဖြစ်ကြသော) သူတို့အား လမ်းလွဲစေသကဲ့သို့ ဤ (ကိုးကွယ်ရာအဖြစ် အားကိုးတကြီး ယုံကြည်ကိုးကွယ်ခံကြသော) အရာမျာသည်ပင် ကျွန်ုပ်တို့ကိုလည်း လမ်းလွဲစေခဲ့ခြင်းသာ ဖြစ်ပါ၏။” (နောက်လိုက်များနှင့်ပတ်သက်၍လည်း ကျွန်ုပ်တို့ သည်) အသင်အရှင်မြတ်၏ရှေ့တော်မှောက်၌ (သူတို့နှင့်ကျွန်တို့ မည်သို့မျှမပက် သက်ဘဲ ကင်းရှင်းပါ၏။) ကျွန်ုပ်တို့မှာ အပြစ်မရှိပါ။ သူတို့သည် ကျွန်ုပ်တို့အား ဆည်းကပ်ကိုးကွယ်ခဲ့ကြသည် မဟုတ်ပါ။ (သူတို့၏စိတ်အလိုရမ္မက်နောက်ကိုသာ လိုက်ခဲ့ခြင်းဖြစ်၏။)” ဟု လျှောက်ထားမည်။