Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 28 - Al-Qasas
Translation by Alin U Yin — Permalink
Verse 68 — Surah Al-Qasas 28:68
စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအရာကို ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး (အရှင့်နိယာမတော်နှင့်အညီ အမှုထမ်းဆောင်ရန်) ရွေးချယ်တော်မူ၏။ သူတို့အတွက် (အရှင်မြတ်ခန့်အပ်တော်မူသော တာဝန်ကို အရှင့်နိယာမတော်နှင့်အမိန့်တော်အတိုင်း လုပ်ဆောင်ခြင်းမှအပ သူတို့၏ လွတ်လပ်သော ဆန္ဒအတိုင်း) ရွေးချယ်လုပ်ဆောင်ခွင့် အလျှင်း မရှိချေ။ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူပြီး လူသားတို့ထင်မြင်ယူဆသည့် ချို့တဲ့မှုအပေါင်းမှ လုံးဝ ကင်းစင်လျက်) သူတို့တွဲဖက်တုပြိုင်၍ ကိုး ကွယ်နေကြသော အရာအားလုံးထက် မြင့်မြတ်တော်မူသည့်အပြင် သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။