Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 28 - Al-Qasas
Translation by Alin U Yin — Permalink
Verse 7 — Surah Al-Qasas 28:7
တစ်ဖန် ငါအရှင်မြတ်သည် တမန်တော်မူဆာ၏မိခင်အား “(မည်သည့်စိုးရိမ်ပူပင်မှုမျှ မရှိဘဲ အတိုင်းအတာတစ်ခုအထိ) သားအား နို့ချိုရည်တိုက်ကျွေးလော့။ သို့သော် အကယ်၍ အသင်မသည် သူနှင့်ပက်သက် ၍ စိုးရိမ်ပူပင်လျှင် သူ့ကို မြစ်ထဲသို့ပစ်ချလော့။ (ထိုသို့ပြုလုပ်ခြင်း၌) အသင်မသည် စိုးရိမ်ပူပင်ခြင်း မရှိလေနှင့်။ ဝမ်းနည်းကြေကွဲခြင်းလည်း မရှိလေနှင့်။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူ့အား အသင်မထံ ပြန်လည်ရောက်စေတော်မူပြီး သူ့ကို ရစူလ်တမန်တော်သတင်းဆောင်များတွင် အပါအဝင် ဖြစ်စေတော်မူမည်။"" ဟု (သူမ၏ စိတ်နှလုံးထဲသို့ အရှင့်အမိန့်တော်အား) စေ့ဆော်ပေါ်လာစေတော်မူခဲ့၏။