Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 28 - Al-Qasas
Translation by Alin U Yin — Permalink
Verse 70 — Surah Al-Qasas 28:70
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့၏တစ်ဆူတည်းသော ကိုးကွယ်ရာ အရှင် ဖြစ်တော်မူပြီး သက်ရှိသက်မဲ့၊ အရာခပ်သိမ်းတို့အနက်) ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာအ ရှင်ဟူ၍ အလျှင်း မရှိသည့်အပြင် (လောကီလောကုတ္တရာဆိုင်ရာ) အရေးကိစ္စဟူသမျှ၏အဦးဆုံးနှင့်နောက်ဆုံးတွင် ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်း ဟူသမျှတို့သည် လည်း (သက်ရှိသက်မဲ့တို့ကို အလှပဆုံးပုံစံများ ဖွဲ့စည်း တည်ဆောက်မှုနှင့်ဖွံ့ဖြိုးမှုစနစ်များဖြင့် ဖြစ်ပေါ်စေတော်မူသော) အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်၏။ ထို့ပြင် (အရေးကိစ္စအလုံးစုံ၏ စီရင်ဆုံးဖြတ်ခွင့်ဆိုင်ရာ) အမိန့်အာဏာသည်လည်း (အရာခပ်သိမ်းအတွက် နိယာမတရားနှင့်စည်းမျဉ်းတော်များချမှတ်ပေးအပ်တော်မူသော) ထိုအရှင်မြတ် (၏အမိန့်ပညတ်ချက်များနှင့် အညီ လိုက်နာကျင့်သုံးရန်) အတွက်သာ ဖြစ်ပြီး သင်တို့သည် ထိုအရှင်မြတ်ထံတော်သို့သာလျှင် ပြန်လည် ဦးလှည့်၍ ရောက်စေမူခြင်းခံရမည်သာတည်း။