Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 28 - Al-Qasas
Translation by Alin U Yin — Permalink
Verse 75 — Surah Al-Qasas 28:75
ထို့ပြင် ငါအရှင်မြတ်သည် လူ့ဘောင်အသိုင်းအဝိုင်းတိုင်းမှ (သူတို့ထံ စေလွှတ်တော်မူခဲ့သည့် ရစူလ် တမန်တော်ကို) သက်သေတစ်ဦးအဖြစ် ခေါ်ထုတ်တော် မူပြီးလျှင် (ထိုရစူလ်တမန်တော်နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ခဲ့ကြသော သူတို့အား) “သင်တို့သည် (အရှင်မြတ်မှအပ သင်တို့၏ကိုးကွယ်ရာများ မှန်ကန် ကြောင်းနှင့်စပ်လျဉ်း၍) သင်တို့၏သက်သေအထောက်အထားကို ထုတ်ပြတင်ဆက်ကြလော့။” ဟု မိန့်ကြားတော်မူမည်။ ထိုအခါ သူတို့သည် အမှန်တရားသစ္စာမှာ အလ္လာဟ်အရှင်မြတ်၌သာ ရှိကြောင်းနှင့်သူတို့ ကြံစည် ဖန်တီးထားသော ကိုးကွယ်ရာများသည် (သူတို့ကို ပစ်ပယ်၍) သူတို့ထံမှ ရှောင်ကြဉ်လွဲဖယ်သွားပြီ ဖြစ်ကြောင်းကို ကောင်းစွာ သိရှိသွားကြပေမည်။