Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 76 — Surah Al-Qasas 28:76

ဧကန်ပင်၊ ကာရူန်သည် တမန်တော်မူဆာ၏လူမျိုးတို့အနက်မှပင် ဖြစ်ပြီး ငါအရှင်မြတ်က သူ့အား ချီးမြှင့်ပေးအပ်တော်မူခဲ့သော ဥစ္စာဓနရွှေငွေရတနာသိုက်များမှ (ယင်းတို့ကို သိမ်းဆည်းထားသည့်အခန်းများ ၏) သော့များသည် ခွန်အားဗလနှင့်ပြည့်စုံသော လူတစ်စုကိုပင် မနိုင်မနင်းထမ်းရသည်အထိ များပြားခဲ့သော်လည်း သူသည် သူ့လူမျိုးတို့အပေါ်တွင် (သစ္စာဖောက်လျက် မာန်မာနထောင်လွှား၍) ဖိနှိပ်ချုပ် ချယ်သူဖြစ်ခဲ့သူ ဖြစ်ခဲ့၏။ ထိုအခါ သူ့လူမျိုးများသည်ပင် သူ့အား “(သင့်ဥစ္စာဓနကြောင့်) ဂုဏ်မောက် လျက် ပျော်ရွှင်မြူးထူးမဖြစ်လေနှင့်၊ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ဂုဏ်မောက်လျက် ပျော်ရွှင် မြူး ထူးဖြစ်သူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။” ဟု ပြစ်တင်ပြောခဲ့ကြ၏။