Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 28 - Al-Qasas
Translation by Alin U Yin — Permalink
Verse 77 — Surah Al-Qasas 28:77
ထို့ပြင် (သူတို့က ဆက်လက်၍) “အသင်သည် သင့်အား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူခဲ့သော ထို (ဥစ္စာဓနရွှေငွေရတနာသိုက်များ) ၌ လောကီဘဝမှ (သင့်အတွက်ခံစားခွင့်အဖြစ် ပေးအပ်တော်မူသည့်) သင်၏ဝေစုဝေပုံကို မေ့လျော့သွားခြင်းမရှိဘဲ (ချို့တဲ့ဆင်းရဲသူတို့အား စွန့်လှူပေးကမ်းခြင်းနှင့်ကောင်းမှု ကုသိုလ်များပြုလုပ်ခြင်း စသော) တမလွန်ဘဝ၏အိမ်ဗိမာန် (ရရှိခံစားနိုင်မည့် နည်းလမ်း များကိုလည်း) ရှာဖွေရ ယူလော့။ ထို့ပြင် အသင့်အား အလ္လာဟ်အရှင်မြတ်က အကောင်းဆုံး ချီးမြှင့်ပေးအပ်တော်မူသကဲ့သို့ပင် အသင် သည်လည်း (လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံလော့။ ထို့ပြင် မြေကမ္ဘာတိုင်းပြည်ဒေသတွင် အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများဖြစ်စေရန် (နည်းလမ်း များကို) မရှာဖွေမရှာမှီးလေနှင့်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများ ဖြစ်စေသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။