Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 28 - Al-Qasas
Translation by Alin U Yin — Permalink
Verse 78 — Surah Al-Qasas 28:78
ထိုစဉ် ကာရူန်က ကျွန်ုပ်သည် ဤ (ဥစ္စာဓနရွှေငွေရတနာသိုက်များ) ကို ကျွန်ုပ်၏ကျွမ်းကျင်သော အသိပညာအတတ်ပညာကြောင့်ပင်လျှင် ချီးမြှင့်ခံရခြင်းသာ ဖြစ်သည်ဟု ဆိုခဲ့လေ၏။ မုချဧကန်၊ အလ္လာဟ်အရှင် မြတ်သည် သူ့အလျင် ရှိခဲ့ကြသော မျိုးဆက်များအနက်မှ သူ့ထက် (လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့်ဩဇာအာဏာအစရှိသော) ခွန်အားဗလအားဖြင့်လည်းကောင်း (ဥစ္စာဓနရွှေငွေရ တနာအစရှိသည့်) အမြောက်အမြားစုဆောင်းထားသောပိုင်ဆိုင်မှုများအရလည်းကောင်း ပိုမို၍တောင့် တင်းခိုင်မာခဲ့သူများကိုပင် တိမ်ကောဖျက်ဆီးစေတော်မူခဲ့ကြောင်းကို (သူက) မသိသလော။ ရာဇဝတ်မှုကျူးလွန်သောသူတို့အား သူတို့၏ပြစ်မှုများနှင့်စပ်လျဉ်း၍ (ဖျက်ဆီးတိမ်ကောစေတော်မမူမီ ခုံပြောဆိုနိုင်ရန်) မေးမြန်းခြင်းကိုပင် ခံကြရလိမ့်မည် မဟုတ်ပေ။