Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 28 - Al-Qasas
Translation by Alin U Yin — Permalink
Verse 82 — Surah Al-Qasas 28:82
ထို့ပြင် ယမန်နေ့က သူကဲ့သို့ဖြစ်ရန် တပ်မက်တောင့်တခဲ့ကြသောသူတို့က “သြော်၊ သူက ဒုက္ခလှလှ တွေ့ခဲ့ပြီ။ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားများအနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအတွက် စားနပ်ရိက္ခာနှင့်အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များကို ချဲ့ထွင်တိုးပွားစေတော်မူပြီး အလိုရှိတော်မူသောသူအတွက်ပင် အကန့်အသတ်ဖြင့် ပေးအပ်၍ ဖြောင့်မတ်စေတော်မူ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်၌ ကျေးဇူးပြုတော်မမူခဲ့ပါလျှင် ကျွန်ုပ်တို့အားလည်း မြေမျိုစေတော်မူခဲ့မည်သာ ဖြစ်၏။ သြော်၊ သူကဒုက္ခလှလှ တွေ့ခဲ့ပြီ။ ဧကန်ပင်၊ မယုံကြည်သူ၊ အမှန်တရားကို ဖီဆန်ငြင်းပယ် သူတို့သည် ပေါက်မြောက်အောင်မြင်ကြသည် မဟုတ်ပေတကား။” ဟု ပြောဆိုလာခဲ့ကြ၏။