Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 88 — Surah Al-Qasas 28:88

ထို့ပြင် (အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၏တစ်ဆူတည်းသော ကိုးကွယ်ရာအရှင် ဖြစ်တော်မူပြီး သက်ရှိသက်မဲ့အရာခပ်သိမ်းတို့အနက်) ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာအရှင်ဟူ၍ အ လျှင်း မရှိသည့်သောကြောင့် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားမည်သည့်ကိုးကွယ်ရာကိုမျှပင် ဟစ်ခေါ် တသ၍ ဆုတောင်းခြင်း မပြုလေနှင့်။ ထိုအရှင်မြတ်မှတပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်း မရှိပေ။ ထိုအရှင်မြတ် (၏မျက်နှာတော်) ဇာတိတော်မှအပ အခြားအရာခပ်သိမ်းကုန်တို့သည် တိမ်ကောပျက်စီးဆုံးပါးမည့် အရာချည်း သာ ဖြစ်ကြ၏။ ထို့ပြင် (အရေးကိစ္စအလုံးစုံ၏စီရင်ဆုံးဖြတ်ခွင့်ဆိုင်ရာ) အမိန့်အာဏာသည်လည်း (အရာခပ်သိမ်းအတွက် နိယာမတရားနှင့်စည်းမျဉ်း တော်များချမှတ်ပေးအပ်တော်မူသော) ထိုအရှင်မြတ် (၏အမိန့်ပညတ် ချက်များနှင့်အညီ လိုက်နာကျင့်သုံးရန်) အတွက်သာဖြစ်ပြီး သင်တို့သည် ထိုအရှင်မြတ်ထံတော်သို့သာလျှင် ပြန်လည်ဦးလှည့်၍ ရောက်စေမူခြင်းခံရမည်သာတည်း။