Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 10 — Surah Al-Ankabut 29:10

လူသားတို့အနက် “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြပါပြီ။” ဟု ပြောဆိုကြသူများရှိသော်လည်း (သူတို့အနက်မှအချို့သော) သူတို့သည် အလ္လာဟ်အရှင်မြတ် (အား ယုံကြည် မှု) ကြောင့် ဖိစီးနှိပ်စက်မှုကိုခံကြရသောအခါ လူတို့၏ဖိနှိပ်ညှင်းပန်းမှုကို အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်ကဲ့သို့ပင် ထင်မှတ်ယူဆ (လျက် ယုံကြည်မှုကို စွန့်လို) ကြ၏။ သို့ရာတွင် အကယ်၍ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ ကူညီစောင်မမှု တစ်စုံတစ်ရာ ရောက်ရှိလာခဲ့သည်ရှိသော် သူတို့က “ဧကန်ပင်၊ ကျွန်ုပ်တို့သည်လည်း အသင်တို့နှင့်အတူ ရှိကြ၏။” ဟု မုချဧကန်၊ ပြောဆိုကြ၏။ အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသော) လောကခပ်သိမ်း (ရှိသက်ရှိအားလုံး) ၏ရင်တွင်း ၌ ရှိသည်တို့ကို အသိတော်မူဆုံးပင် မဟုတ်လော။