Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 29 - Al-Ankabut
Translation by Alin U Yin — Permalink
Verse 12 — Surah Al-Ankabut 29:12
စင်စစ် မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့သည် သက်ဝင်ယုံကြည်သူတို့အား “သင်တို့သည် ကျွန်ုပ်တို့၏ (ဘာသာရေးနှင့်ယဉ်ကျေးမှုဓလေ့တုံးစံဆိုင်ရာ) လမ်းစဉ်ကို လိုက်နာကြလော့။ (ထိုသို့ လိုက်နာလျှင်) ကျွန်ုပ်တို့သည် သင်တို့၏ပြစ်မှုများကို (ကိုင်တွယ်ဖြေရှင်းပေးရန်တာဝန်ယူ) ထမ်းရွက်ကြမည်။” ဟု ဆိုကြ၏။ စင်စစ်သော်ကား သူတို့သည် သက်ဝင်ယုံကြည်သူတို့၏ပြစ်မှုများအနက်မှ မည်သည့်ကိစ္စကိုမျှပင် (ကိုင်တွယ်ဖြေရှင်းပေးရန် တာဝန်ယူ) ထမ်းရွက်နိုင်ကြမည့်သူများ မဟုတ်ပေ။ ဧကန်ပင်၊ သူတို့သည် လိမ်ညာနေကြသော မုသာဝါဒီများပင် ဖြစ်ကြ၏။