Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 17 — Surah Al-Ankabut 29:17

သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ ရုပ်ပွားဆင်းတုများကိုသာလျှင် ဆည်းကပ်ကိုးကွယ်ကြပြီး (မုသာဝါဒပေါ်အခြေခံသော) လမ်းမှားကို လီဆယ်ဖန်တီးကြ၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်အား စွန့်၍ သင်တို့က (ကိုးကွယ်ရာများအဖြစ် မှတ်ယူကာ) ဆည်းကပ်ကိုးကွယ်ကြသော ထိုကိုးကွယ်ရာများ သင်တို့အတွက် (ကောင်းကင်ယံမှ မိုးရေကို သွန်းချစေ၍) စားနပ်ရိက္ခာ ထောက်ပံ့နိုင်သော အခွင့်အာဏာအား ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ သို့ဖြစ်ပေရာ သင်တို့သည် စားနပ်ရိက္ခာများကို အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းနိယာမတော်နှင့်အညီ အရှင့်) ထံတော်မှသာ ရှာမှီးကြလော့။ ထို့ပြင် ထိုအ ရှင်မြတ်အားသာလျှင် နာခံကိုးကွယ်ပြီး (ထိုအရှင် မြတ်၏ကျေးဇူးတော်များနှင့်စပ်လျဉ်း၍) ကျေးဇူးသိတတ် ကြလော့။ (နှလုံးသွင်းသင့်သည်မှာ) သင်တို့အားလုံး သည် ထိုအရှင်မြတ်ထံတော်သို့သာလျှင် လှန့်ပြန် ကြရပေမည်။