Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 22 — Surah Al-Ankabut 29:22

စင်စစ်သော်ကား သင်တို့သည် ကမ္ဘာဂြိုဟ်၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ (အရှင့် နိယာမတော်နှင့်အညီ ဖြစ်ပျက်နေသည်တို့ကို နှောင့်ယှက်ဟန့်တားရန်) စွမ်းဆောင်နိုင်ကြသူများ အလျှင်း မဟုတ်ကြချေ။ ထို့ပြင် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြား မည်သည့် ကာကွယ်စောင့်ရှောက်သူနှင့် ကူညီစောင်မသူမျှ ရှိလိမ့်မည် မဟုတ်ချေ။