Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 29 - Al-Ankabut
Translation by Alin U Yin — Permalink
Verse 23 — Surah Al-Ankabut 29:23
တစ်ဖန် အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များ (စကြဝဠာအတွင်း၌ တွေ့ရသော အရှင့်နိယာမတော်များ) ကိုလည်းကောင်း၊ (လောကီဘဝ၌ ပြုမူခဲ့သမျှအတွက် တမလွန်ဘဝ၌ တ ရားရင်ဆိုင်ရန်) ထိုအရှင်မြတ်နှင့်တွေ့ဆုံရမည်ကိုလည်းကောင်း၊ မယုံကြည်ငြင်းပယ်ခဲ့ကြသော သူတို့သည်သလျှင် ငါအရှင်မြတ်၏ကရုဏာတော်ကို မျှော်လင့်အားထားခြင်းကင်းမဲ့ကြပေမည်။ ထို့ပြင် ထိုသူတို့သည် သူတို့အတွက် ပြင်းပြ နာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကို (ရှာမှီးနေကြ၏)။