Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 24 — Surah Al-Ankabut 29:24

သို့ရာတွင် (တမန်တော်အီဗ်ရာဟီးမ်အား) သူ့လူမျိုးတို့က “သူ့ကို သတ်ပစ်လော။” သို့တည်းမဟုတ် “သူအား မီးတင်ရှို့ကြလော့။” ဟု အမိန့်ပေးရန် တောင်းဆိုကြခြင်းမှအပ (အရှင့်ဘက်သို့ ဖိတ်ခေါ်ခြင်းစပ် လျဉ်း၍ သူ့ကို) အခြားမည်သည့် တုံ့ပြန်မှုကိုမျှ (အဖြေပေးခြင်း) မရှိခဲ့ကြချေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် တမန်တော်အီဗ်ရာဟီးမ်ကို မီးမှ ကယ်တင်တော်မူခဲ့၏။ ဧကန်မလွဲ၊ ထို (အဖြစ်အပျက်) ၌ သက် ဝင်ယုံကြည်သော လူမျိုးတို့ အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။