Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 29 - Al-Ankabut
Translation by Alin U Yin — Permalink
Verse 25 — Surah Al-Ankabut 29:25
(တမန်တော်) အီဗ်ရာဟီးမ်က (သူ့လူမျိုးတို့အား) သင်တို့သည် ဤမျက်မှောက်လောကီဘဝ၌ အချင်းချင်း မေတ္တာပွားခြင်းကို အကြောင်းပြ၍သာလျှင် အလ္လာဟ်အရှင်မြတ်အား စွန့်၍ ရုပ်ပွားဆင်းတုများကို (ကိုးကွယ်ရာများအဖြစ်) အယူထား ကိုးကွယ်ကြ၏။ ထို့နောက် ရှင်ပြန်ထမည့်နေ့တွင်မူကား၊ သင်တို့အချင်းချင်း အချို့က အချို့ကို ငြင်းပယ်ကြမည်သာမက အချင်းချင်း တစ်ဦးကိုတစ်ဦး (အရှင့်ကရုဏာတော်မှ ကင်းဝေးပါစေဟုလည်း) ကျိန်ဆဲကြပေမည်။ ထို့ပြင် ငရဲမီးသည် သင်တို့၏နောက်ဆုံး ဗိမာန်ခိုလှုံရာဌာန ဖြစ်ပြီး သင်တို့အတွက် ကူညီ စောင်မသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။