Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 29 - Al-Ankabut
Translation by Alin U Yin — Permalink
Verse 26 — Surah Al-Ankabut 29:26
ထို့နောက် (တမန်တော်) လူးသ်သည် (တမန်တော်) အီဗ်ရာဟီးမ်အား ယုံကြည်ထောက်ခံခဲ့လေ၏။ (တမန်တော်) အီဗ်ရာဟီးမ်က “ဧကန်မလွဲ၊ ကျွန်ုပ်သည် မွေးရပ်ဇာတိနှင့်ကျွန်ုပ်၏လူမျိုးကို စွန့်၍ ကျွန်ုပ်၏ ယုံကြည်ချက်အတိုင်း ဘဝတည်ဆောက်နိုင်ရန်) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (ညွှန်ပြတော်မူရာအရပ်) သို့ တိုင်းရင်းဒေသစွန့်၍ ရွေ့ပြောင်းနေထိုင်သူတစ်ဦး ဖြစ်သည်။ မုချဧကန်၊ ထိုအရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့) အားလုံးအပေါ်၌ လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။