Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 27 — Surah Al-Ankabut 29:27

ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီးမ်အား (သားဖြစ်သူ တမန်တော်) အစ်ဟာက်ကိုလည်းကောင်း၊ (မြေးဖြစ်သူ တမန်တော်) ဟအ်ကူးဗ်ကိုလည်းကောင်း၊ ချီးမြှင့်ပေးအပ်တော်မူသည့်အပြင် ငါအရှင်မြတ်သည် သူ့သားစဉ်မြေးဆက်ဆက်၌လည်း ဤလောကီဘဝဆိုင်ရာ သူ့အကျိုးဆုလဒ်အဖြစ် နဗီတမန် တော်ရာထူးများနှင့်ကျမ်းတော်များကို ချမှတ်ပေးအပ်တော်မူခဲ့၏။ ထို့ပြင် နောင်တမလွန်ဘဝတွင်လည်း ဧကန်ပင်၊ သူသည် ဖြောင့်မတ်မှန်ကန်သော သူမွန်သူမြတ်တို့အနက်မှပင် ဖြစ်ပေလိမ့်မည်။