Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 3 — Surah Al-Ankabut 29:3

ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့အလျင် ရှိခဲ့ကြသော သူတို့ကိုလည်း စမ်းသပ်တော်မူခဲ့၏။ (ထိုသို့ စမ်းသပ်တော်မူခြင်းသည် အရှင့်စည်းမျဉ်းတော်ပင်ဖြစ်၏။ သို့ဖြစ်ပေရာ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (ယုံကြည်မှုကို ထုတ်ဖော်ရာ၌) ဖြောင့်မတ်မှန်ကန်ဖြင့် သက်သေပြခဲ့သူတို့အား (ခွဲခြားသိမြင်နိုင်အောင်) စည်းသားတော် မူပြီး (အမှန်တရားအား) မဟုတ်မတရားမမှန်မကန် လိမ်လည်စွပ်စွဲကြသော မုသာဝါဒီတို့ကိုလည်း (ခွဲခြားသိမြင်နိုင်အောင်) စည်းသားတော်မူလိမ့်မည်။